Who We Are??

မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း (MCIA) ကိုပြောင်းစိုက်ပျိုးသူတောင်သူဦးကြီးများ၊ ပြောင်းလုပ်ငန်းလုပ်ဆောင်သူများ၊ ကုန်သည်ကြီးများ၊ Export/Import လုပ်ငန်းရှင်များနဲ့ တခြားဆက်စပ်စီးပွားရေးလုပ်ငန်းရှင်များဖြင့် မြန်မာနိုင်ငံတွင် ပြောင်းလုပ်ငန်း ရေရှည်တည်တံ့ တိုးတက်စေရေး ရည်ရွယ်ချက်ဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ အသင်းဝင်များမှ ရွေးချယ်တင်မြှောက်ထားသော ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များသည် ပြောင်းတင်ပို့ရောင်းချခြင်းအပါအဝင် စပ်လျဉ်းသည့် လုပ်ငန်းနယ်ပယ်အသီးသီးတွင် ပါဝင်ဆောင်ရွက်နေကြသော စီးပွားရေးလုပ်ငန်းရှင်များဖြစ်ကြပြီး အတူပူးပေါင်းဆောင်ရွက်ကာ မြန်မာနိုင်ငံတွင်ပြောင်းလုပ်ငန်းတိုးတက်စေရန် ရည်ရွယ်ပါသည်။

မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းကို (၁၈.၁၁.၂၀၁၉) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး (၅.၂.၂၀၂၀) ရက်နေ့တွင် DICA မှာ တရားဝင်မှတ်ပုံတင်ကာ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းကို တရားဝင်ဖွဲ့စည်းခဲ့ပါသည်။ (၃.၁၂.၂၀၂၀)ရက်နေ့ တွင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် (စခ-၁၀/၁၉-၂၂) ဖြင့် ရိုးရိုးအသင်းသားအဖြစ်ဝင်ခွင့်ရရှိခဲ့ပါသည်။ ၂၀၂၂ ခုနှစ်တွင် ဒုတိယအကြိမ်သက်တမ်းအတွက် စနစ်တကျအသင်းဖွဲ့စည်းနိုင်ခဲ့ပါသည်။ (၅.၃.၂၀၂၂) တွင် မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း အသင်းသားစုံညီ အစည်းအဝေးကျင်းပနိုင်ခဲ့ပြီး (၂၀၂၂-၂၀၂၅) မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ဒုတိယအကြိမ်သက်တမ်းအတွက် တိုင်းနှင့်ပြည်နယ်များကို အောက်ပါရက်အတိုင်းဖွဲ့စည်းပေးနိုင်ခဲ့ပါသည်။

- (၁၅.၃.၂၀၂၂) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးပြောင်းလုပ်ငန်းအသင်း

- (၂၆.၃.၂၀၂၂) ရက်နေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ပြောင်းလုပ်ငန်းအသင်း

- (၂၉.၃.၂၀၂၂) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ပြောင်းလုပ်ငန်းအသင်း

- (၅.၄.၂၀၂၂) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပြောင်းလုပ်ငန်းအသင်း

- (၂၃.၄.၂၀၂၂) ရက်နေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြောင်းလုပ်ငန်းအသင်း

- (၅.၅.၂၀၂၂) ရက်နေ့တွင် ကချင်ပြည်နယ် ပြောင်းလုပ်ငန်းအသင်း

- (၁၃.၇.၂၀၂၂) ရက်နေ့တွင် ကရင်ပြည်နယ် ပြောင်းလုပ်ငန်းအသင်း

- (၁၈.၇.၂၀၂၂) ရက်နေ့တွင် ကယားပြည်နယ် ပြောင်းလုပ်ငန်းအသင်း

- (၁၇.၉.၂၀၂၃) ရက်နေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြောင်းလုပ်ငန်းအသင်း

 - (၂၄.၇.၂၀၂၂) ရက်နေ့တွင် မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ပထမအကြိမ်နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးနှင့် (၂၀၂၂-၂၀၂၅) ခုနှစ်အတွက် ရွေးချယ်ပွဲအခမ်းအနားကို မန္တလေးမြို့တွင် အောင်မြင်စွာ ကျင်းပဖွဲ့စည်းနိုင်ခဲ့ပါသည်။

- (၂၉.၇.၂၀၂၃) ရက်နေ့တွင် မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ဒုတိယအကြိမ်နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးပွဲအခမ်းအနားကို တောင်ကြီးမြို့တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

- (၇.၈.၂၀၂၃) ရက်နေ့တွင် မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းသည် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် ညီနောင်အသင်း ဖြစ်လာခဲ့ပါသည်။