Mission & Vision

မင်္ဂလာပါ။ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ ကြိုဆိုလိုက်ရပါတယ်။ ကျွန်ုပ်တို့အသင်းဟာဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ ပြောင်းလုပ်ငန်းစဉ်ကြီး တစ်ခုလုံး ကြီးထွားဖွံ့ဖြိုးစေရန်နဲ့ ရေရှည်တည်တံ့စေမယ့် တိုးတက်မှုကိုရည်ရွယ်ပါသည်။ ကျွန်ုပ်တို့ရဲ့ အဖွဲ့ကို ပြောင်းစိုက်တောင်သူတွေ၊ ပြောင်းလုပ်ငန်းလုပ်ဆောင်သူများ၊ ကုန်သည်ကြီးများ၊ Export/Import လုပ်ငန်းရှင်များနဲ့ တခြားဆက်စပ်စီးပွားရေးလုပ်ငန်းရှင်များဖြင့် ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် အောင်မြင်မှုရရှိစေရန် ဖွဲ့စည်းလျှက်ရှိပါသည်။ ပမာဏခြေလှမ်းများအရ ကျွန်ုပ်တို့အဖွဲ့ဝင်များရဲ့ လုပ်ငန်းဆောင်တာများကို မြှင့်တင်ရန်နဲ့ အမြတ်အစွန်းကို တိုးမြှင့်ဖို့အတွက် လိုအပ်တဲ့ အရင်းအမြစ်များ၊ အသိပညာနှင့် ကိရိယာများကို ပံ့ပိုးပေးနိုင်ရန်ရည်ရွယ်ပါတယ်။ အစားအစာ၊ တိရစ္ဆာန်အစာနဲ့ စွမ်းအင်တွေအတွက် ပြောင်းအခြေခံထုတ်ကုန်များအသုံးပြုမှု မြှင့်တင်ရန်ကြိုးစားလျှက်ရှိပါသည်။ 

profile

Missions

မြန်မာနိုင်ငံတွင် ပြောင်းလုပ်ငန်း တိုးတက်မှုအခြေအနေများကို ဆက်လက်ထိန်းသိမ်းပြီး ရေရှည်တည်တံ့စေမည့် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရေး

 

 

 

Vision

မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ ဦးဆောင်ပြီး မြန်မာနိုင်ငံ၏ ပြောင်းလုပ်ငန်း ကဏ္ဍစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ရန်။

 

ပြောင်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အောင်မြင်အထမြောက်ရန်အတွက် ပံ့ပိုးကူညီပေးရန်။


မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ နိုင်ငံတော်နှင့် ပြောင်းလုပ်ငန်းလုပ်ကိုင်သူများ အကြားပေါင်းကူးသဖွယ် ဆောင်ရွက်ရန်။

 

ပြောင်းလုပ်ငန်းနှင့်သက်ဆိုင်သော  ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပညာပေးရေးလုပ်ငန်းများ၊ သတင်းအချက်အလက်နှင့် နည်းပညာစုဆောင်း ဖြန့်ဝေရေး လုပ်ငန်းများကို ဆောင်ရွက်ရန်။

profile