စည်းကမ်းချက်များ

အမည်၊ အသင်းဝင်ဦးရေ ကန့်သတ်ချက်၊ ရည်ရွယ်ချက်
 
အမည်
၁။ ဤအသင်း၏အမည်ကို “မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း” ဟူ၍လည်းကောင်း အင်္ဂလိပ်ဘာသာအားဖြင့် (Myanmar Corn Industrial Association)  ဟူ၍လည်းကောင်းခေါ်တွင်စေပြီး စည်းမျဉ်းများ၌ “အသင်း” ဟူ၍သာ ဖော်ပြထားမည်။
 
အသင်းဝင်ဦးရေကန့်သတ်ချက်
၂။ အသင်းဝင်ဦးရေ ကန့်သတ်ချက် မရှိစေရန်။
 
ရည်ရွယ်ချက်များ
၃။ အသင်း၏ သင်းဖွဲ့မှတ်တမ်း အပိုဒ် (၃) တွင်ဖော်ပြထားသော ရည်ရွယ်ချက်များကို ထမြောက်အောင် ဆောင်ရွက်ရန် ဖြစ်သည်။
 
 
 
အခန်း (၂)
 
အသင်းဝင်အရည်အချင်း
အသင်းသားအဖြစ်ပါဝင်နိုင်ခွင့်
၁။ (က) မြန်မာနိုင်ငံသား ပြောင်းစိုက်ပျိုးထုတ်လုပ်သောတောင်သူများ
(ခ) ပြောင်းစေ့၊ ပြောင်းဆန်ရောင်းဝယ်သူများ
(ဂ) ပြောင်းထုတ်လုပ်ရေးအတွက် ထွန်ယက်ကြမည့် ထွန်စက်လုပ်ငန်းရှင်များ
(ဃ) ရိတ်သိမ်းခြွေလှေ့စက်နှင့် အခြောက်ခံစက်ပိုင်ရှင်များ
(င) ပြောင်းကုန်ကြမ်းမှ ကုန်ချောအဖြစ် ထုတ်လုပ်သူလုပ်ငန်းရှင်များ
ရှင်းလင်းချက် (က) နိုင်ငံသားဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေ မြန်မာနိုင်ငံသား အဖြစ် သတ်မှတ်ခြင်းခံရသူဖြစ်ရမည်။
 
အသင်းဝင်ခွင့် လျှောက်ထားခြင်း
၂။ အသင်းတွင်ပါဝင်လိုသူများသည် အသင်းကပြဌာန်းထားသော လျှောက်လွှာပုံစံတွင် ဝန်ခံလက်မှတ်ရေးထိုး၍ အသင်းသားတစ်ဦးက အဆိုတင်သွင်းလျက် အခြား အသင်းသားတစ်ဦးက ထောက်ခံပေးရမည်။
 
အသင်းဝင်အဖြစ် အတည်ပြုခြင်း
၃။ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း၊ အထွေထွေအတွင်းရေးမှုးက အသင်းဝင်အဆိုပြုလွှာများကို လက်ခံပြီး အသင်းမှ တာဝန်ပေးအပ်သော အသင်းသားလျှောက်လွှာစိစစ်ရေးအဖွဲ့အနေနှင့် စိစစ်ပြီးနောက် အနီးကပ်ဆုံး အမှုဆောင် အစည်းအဝေးသို့ တင်ပြ၍ အောက်ဖော်ပြပါအရည်အချင်းပြည့်မှီသူများသည် အသင်းဝင်အဖြစ် အတည်ပြုခြင်း ခံရမည်။
(က) အသင်းဝင်အဖြစ်လက်ခံရန် အဆိုပြုလွှာနှင့်အတူ သတ်မှတ်ထားသော ဝင်ကြေးနှင့် နှစ်စဉ်ကြေးများ တပါတည်းပေးသွင်းသူဖြစ်ခြင်း။
(ခ) သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်နှင့် ပျက်ကွက်ပါက အသင်းမှ အရေးယူဆုံးဖြတ်ခြင်းကို နာခံပါမည်ဟု ဝန်ခံကတိပြုသူဖြစ်ခြင်း။
(ဂ) အသင်းက အခါအားလျော်စွာ ပေးအပ်သော တာဝန်များကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွှေ့ ကျေပွန်စွာ ထမ်းဆောင်ပါမည်ဟု ကတိပြုသူဖြစ်ခြင်း၊
 
အသင်းဝင်မှတ်ပုံတင်ကဒ်ပြားထုတ်ပေးခြင်း
၄။ အသင်းသို့ ဝင်ခွင့်ရသူအား အသင်းဝင်ဖြစ်ကြောင်း အထိမ်းအမှတ်ဖြစ်စေခြင်းအလို့ငှာ အသင်း၏ဥက္ကဌ (သို့မဟုတ်) အထွေထွေအတွင်းရေးမှုးတို့က လက်မှတ်ရေးထိုး၍ အသင်းတံဆိပ်ရိုက်နှိပ်ထားသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ က ပြဌာန်းသည့် အသင်းဝင်ကဒ် ထုတ်ပေးရမည်။
 
 
အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေး
၅။ အသင်းသားများအတွက် အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေးကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့က သတ်မှတ်သည့် အတိုင်း ပေးသွင်းရမည်။
(က) အသင်းသားများ၏ နှစ်စဉ်ကြေးကို အသင်းဝင်သည့်နေ့မှစ၍ တစ်နှစ်ပြည့်မြောက်သည့်ကာလတွင် နှစ်စဉ်ပေးသွင်းရမည်။
 
၆။ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်အသင်း အဆင့်ဆင့်သည် အသင်းရုံးများ၏ အမည်၊ အစည်းအဝေး အခမ်းအနားများနှင့် စာရွက်စာတမ်းအသုံးပြုမှုများတွင် အသင်းစာသား၏အရှေ့ဘက်တွင် သက်ဆိုင်ရာ (တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်) စသည်ဖြင့် ထည့်သွင်းအသုံးပြုရမည်။
 
အထိမ်းအမှတ်တံဆိပ်နှင့် ရုံးတံဆိပ်
၇။ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း၏ အထိမ်းအမှတ်တံဆိပ်နှင့် ရုံးတံဆိပ်ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အများဆန္ဒဖြင့် ရွေးချယ်မှတ်နိုင်သည်။
 
တံဆိပ်ရိုက်နှိပ်ခြင်း
၈။ အသင်း၏ဆုံးဖြတ်ချက်ဖြင့်သာ အခွင့်အာဏာရမှ တစ်ပါးအသင်း၏ အထိမ်းအမှတ် နှင့် ရုံးတံဆိပ်ကို မည်သည့် စာရွက်စာတမ်းတွင်မျှ ရိုက်နှိပ်ခြင်းမပြုရ။
 
ဂုဏ်ထူးဆောင်အသင်းသား
၉။ ဤအသင်း၏အကျိုးကို အထူးရှေ့ရှုထောက်ပံ့ကူညီသူများနှင့် အသိပညာရှင်၊ အတတ်ပညာရှင်များ အလုပ်အမှုဆောင်ကော်မတီက အသိအမှတ်ပြုခြင်းခံခဲ့ရသူများကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဖြစ်ကြောင်းအခါ အားလျော်စွာ အတည်ပြုချက်ဖြင့် ဂုဏ်ထူးဆောင်အသင်းသားအဖြစ် အသိအမှတ်ပြုနိုင်သည်။ ဂုဏ်ထူးဆောင်အသင်းဝင်များသည် အသင်းရန်ပုံငွေထည့်ရန်မလိုပါ။ ရွေးချယ်ခံနှင့် ခွင့် မဲဆန္ဒပေးခွင့်လည်းမရှိပါ။
 
 
အသင်းဝင်အဖြစ်မှ ရပ်စဲခြင်း
 
၁။ အသင်းဝင်တစ်ဦးသည် အောက်ဖော်ပြပါ အချက်များအနက် တစ်ခုခုဖြစ်ပေါ်လာပါက အသင်း အလုပ်အမှုဆောင် အဖွဲ့၏ စိစစ်ဆုံးဖြတ်ချက်ဖြင့် အသင်းဝင်အဖြစ်မှ ရပ်စဲရမည် -
(က) သေဆုံးခြင်း
(ခ) နိုင်ငံတော်အား ပုန်ကုန်မှုဖြင့် တရားရုံးပြစ်ဒဏ်ချမှတ်စီရင်ခံရခြင်း။
(ဂ) သာသနာ့ဘောင်သို့ ထာဝစဉ်ဝင်ရောက်ခြင်း။
(ဃ) ရူးသွပ်ခြင်း။
(င) အကျင့်စာရိတ္တထိခိုက်စေသည့် ရာဇဝတ်မှုကျူးလွန်ကြောင်းထင်ရှားစီရင်ခံရခြင်း။
(စ) အသင်း၏လုပ်ငန်းစဉ်နှင့် ရည်ရွယ်ချက်ကို ဆန့်ကျင်လျက် အသင်း၏အကျိုးစီးပွားကို ထိခိုက်စေအောင် ပြုမူဆောင်ရွက်ခြင်း။
(ဆ) အသင်းဝင်ကိုယ်တိုင် နှုတ်ထွက်ခွင့်ကို တောင်းခံခွင့်ပြုခြင်း။
(ဇ) သက်ဆိုင်ရာအသင်း၏ အစည်းအဝေးများသို့ ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ တစ်ဆက်တည်းခွင့်မဲ့ (၃) ကြိမ်ပျက်ကွက်ခြင်း။
(ဈ) နှစ်စဉ်ကြေးကို ပေးသွင်းမှုမရှိပါသဖြင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ဆုံးဖြတ်ချက်အရ အသင်းသားအဖြစ် ရပ်စဲခံရခြင်း။
(ည) အသင်းဝင်အဖွဲ့အစည်းအနေဖြင့် တည်ဆဲဥပဒေအရ ဖွဲ့စည်းမှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်ခြင်းခံရခြင်း။
(ဋ) နာမည်ပျက်စာရင်းတွင် ထည့်သွင်းသတ်မှတ်ခံရခြင်း။
 
 
အသင်းဝင်အဖြစ်မှ နှုတ်ထွက်ခြင်း
၂။ မည်သည့်အသင်းသားမဆို အသင်းမှနှုတ်ထွက်လိုလျှင် အထွေထွေအတွင်းရေးမှူးထံသို့ မိမိနှုတ်ထွက်လိုကြောင်း စာဖြင့် (တစ်လ) ကြိုတင်အကြောင်းကြားလျက် အလုပ်အမှုဆောင်အဖွဲ့၏ အဆုံးအဖြတ်ဖြင့် အကြောင်းကြားရက်ကုန်သောအခါ ထိုသူသည် အသင်းသားအဖြစ်မှ နှုတ်ထွက်ခွင့်ပြုရမည်။ မိမိက ကြိုတင်၍ ပေးဆောင်ထားသောငွေကြေးတစ်စုံတစ်ရာ ပြန်လည်တောင်းဆိုနိုင်ခွင့်မရှိစေရ။
 
အသင်းဝင်အဖြစ်မှ နှုတ်ထွက်ခြင်း
၃။ အသင်းသားတစ်ဦးအား အခန်း(၄) အပိုဒ် (၁) ပါ အကြောင်းအရာတစ်ခုခုကြောင့် အသင်းအားအဖြစ် ဆက်လက် တည်ရှိနေခြင်းကို မလိုလားအပ်ဟု အလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်ပိုင်ခွင့်ရှိစေရမည်။
 
အယူခံနိုင်ခွင့်
၄။ အသင်းဝင်အဖြစ်မှ ရပ်စဲခြင်းခံရသူများသည် ကျေနပ်မှုမရှိပါက အနီးကပ်ဆုံးပြုလုပ်သည့် မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းသို့ အယူခံနိုင်ခွင့်ရှိသည်။ ထိုအစည်းအဝေး ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်။