News & Announcements
ထိုင်းနိုင်ငံကိုပြောင်းတင်ပို့ရန် အခွန်ကင်းလွတ်ခွင့် ၇ လ ခွင့်ပြု
Jan 25 2025
မြန်မာ့ပြောင်းဆန်များကို ထိုင်းနိုင်ငံသို့ တင်ပို့ခြင်းအား လာမယ့်ဖေဖော်ဝါရီ (၁)ရက်နေ့မှစတင်ကာ ဩဂုတ်ကုန်အထိ (၇)လအခွန်ကင်းလွတ်ခွင့်ပြုထားသည်ဟုသိရှိရပါသည်။
ပြောင်းကို ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့နေတာဖြစ်ပြီး ထိုင်းနိုင်ငံသို့ အခွန်လွတ်တင်ပို့ခွင့်ကာလ ၇ လသတ်မှတ်ချိန်အတွင်း ချိန်ညှိတင်ပို့နိုင်ပါတယ်။
၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ် တစ်နှစ်တာကာလအတွင်း ပြောင်းတန်ချိန် ၁ ဒဿမ ၁၁ သန်းတင်ပို့နိုင်ခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ယခင်နှစ်ထက်ပိုမိုတင်ပို့နိုင်မည်ဟုမျှော်မှန်းပါသည်။