In the news



News and Announcements

Jun 10
2024

News & Announcements

News

  Jun 10 2024

မြန်မာ့ပြောင်း ပြည်ပတင်ပို့မှု ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် ပထမ ၃ လစာ လျာထားချက်ကို ၂ လအတွင်း ပြည့်မီ ကျော်လွန်နိုင်ခဲ့ပါသည်။

ပထမ သုံးလပတ်ဖြစ်သည့် ဧပြီ၊ မေလနှင့် ဇွန်လအတွင်း ပြောင်းတန်ချိန် ၃ ဒသမ ၈ သိန်း တင်ပို့နိုင်ရန် လျာထားပြီး မေလကုန်အထိ ၂ လအတွင်း တန်ချိန် ၄ ဒသမ ၇၈ သိန်း တင်ပို့နိုင်ခဲ့ခြင်းကြောင့် လျာထားချက်ကို ကျော်လွန်ခဲ့ခြင်း ဖြစ်ပါသည်။

ယခင်က ထိုင်းနိုင်ငံသို့ မြဝတီနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် ကုန်တင်တွဲကားများဖြင့် တင်ပို့ကြပြီး လက်ရှိတွင် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးဖြင့် တင်ပို့ကြရခြင်းကြောင့် အများအပြား ပိုမိုတင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။