In the news



News and Announcements

Oct 16
2020

News

၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွက် ပြောင်း စစ်တမ်းအပေါ် မူတည်ကာ ပြည်ပပြောင်းတင်ပို့မှု လျာထားချက် သတ်မှတ်မည်

  Oct 16 2020

၂၀၂၀-၂၁ ဘဏ္ဍာ နှစ်သစ်အတွက် ပြည်ပသို့ ပြောင်းတင်ပို့မှု လျာထား ချက်ကို ပြည်တွင်း ပြောင်းအထွက်နှုန်း စစ်တမ်း ကောက်ယူမှု ကိန်းဂဏန်းများအပေါ် မူတည်ကာ လျာထားသတ်မှတ်သွားမည်ဖြစ်ကြောင်း မြန် မာနိုင်ငံ ပြောင်းလုပ်ငန်း အသင်းမှ သိရသည်။
လက်ရှိတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သက်ဆိုင်ရာ ပြောင်းလုပ်ငန်း အသင်းများက မိုးပြောင်း ထွက်ရှိ မှု၊ ပျက်ဆီးမှု ကိန်းဂဏန်းများကို ကောက်ခံလျက်ရှိပြီး၊ ရရှိလာသည့် စာရင်းအပေါ် မူတည်၍ ပြည်တွင်းသုံးစွဲမှု နှင့် ချင့်ချိန်ကာ ပြည်ပသို့ တင်ပို့နိုင်မည့် စာရင်းကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် ခန့်မှန်းလျာထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ထိုသို့ စစ်တမ်းကောက်ယူပြီးမှ ပြည်ပသို့ တင်ပို့ရန် လျာထားခြင်းရခြင်းမှာ ၂၀၁၉- ၂၀ ဘဏ္ဍာနှစ်က ပြောင်း တန်ချိန် ၂၂ သိန်းကျော်အထိ တင်ပို့နိုင်ခဲ့၍ ပြည်တွင်း သုံးစွဲမှုအပေါ် လိုအပ်ချက်များ ရှိသွားခဲ့ခြင်းကြောင့် စစ် တမ်းကောက်ယူပြီးမှသာ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
အသင်းဥက္ကဋ္ဌ ဦးမင်းခိုင်က “ ပြည်ပကို ၁ဒသမ၈ သန်းကနေ ၁ဒသမ၉ သန်းလောက်ပဲ တင်ပို့ နိုင်မှာ ကို မထင်မှတ်ပဲ အိန္ဒိယ အဝယ်ရှိသွားတော့ တန်ချိန် ၂၂ သိန်းကျော်အထိ တင်ပို့ဖြစ်သွားတယ်။ ပြည်တွင်း ထွက်ရှိမှုက တန်ချိန် ၃ သန်းကျော်ရှိတယ်။ သုံးစွဲမှု တန်ချိန် ၁ဒသမ၂ သန်းကျော်ရှိတော့ ဒီစာရင်းထက် ပိုမို တင်ပို့ခဲ့တော့ ပြည်တွင်းသုံးစွဲမှုကို နည်းနည်း ထိခိုက်သွားခဲ့ရတယ်။ ဒါကြောင့် မိုးပြောင်းစာရင်း ကောက်ယူမှာပေါ့။ မိုးပြောင်းကို ရာသီဥတုကြောင့်ဖြစ်ဖြစ် အထွက်ကျဆင်းနိုင်တယ်။ ဆောင်းပြောင်း စိုက်ပျိုးမှု၊ ထွက်ရှိမှုက ပုံမှန်ပဲ ရှိနေတယ်” ဟု ပြောသည်။
လက်ရှိတွင် ပြောင်းကို ရှမ်းပြည်နယ်၊ တောင်ပိုင်း၊ မြောင်ပိုင်း၊ ကချင်ပြည်နယ်၊ ကယား ပြည်နယ်တွင် စိုက်ပျိုး ဖြစ်ထွန်းမှု အားကောင်းနေပြီး၊ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် စိုက်ပျိုးမှု များကြောင်း သိရသည်။
“ ပြည်ပကို ပြောင်းတင်ပို့မှုများလေ တိုင်းပြည်ဝင်ငွေ ရလေပါပဲ။ တစ်ဖက်မှာလည်း ပြည်တွင်းသုံးစွဲမှု ကောင်း လာတော့ အစားလုပ်ငန်းသုံး လုပ်ငန်းတွေရယ်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနရယ် ဆွေးနွေးချမှတ်သွားမှာပါ” ဟု ဦးမင်းခိုင်က ဆက်လက်ပြောသည်။
လက်ရှိတွင် မြန်မာ့ပြောင်းကို အဓိက ဝယ်ယူနေသည့် ထိုင်းနိုင်ငံဘက်မှ တစ်နှစ်လျှင် ပြောင်း တန်ချိန် ၂ သန်း မှ ၃ သန်းကြား ရောင်းချပေးရန် ဆွေးနွေးထားသလို တစ်ဖက်တွင် ပြည်တွင်း စိုက်ပျိုးထွက်ရှိမှုအပေါ် မူတည်၍ တင်ပို့ရမည်ဖြစ်ကြောင်း သိရသည်။


သုသု(AMIA)
ရန်ကုန်၊   အောက်တိုဘာ    ၁၆