In the news



News and Announcements

Sep 5
2020

News

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရှမ်းပြည်နယ်အတွင်း အစေ့ပြောင်းစိုက်ခင်း ဧက ခုနှစ်သိန်းကျော်ရှိ

  Sep 5 2020

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရှမ်းပြည်နယ်အတွင်း အစေ့ပြောင်းစိုက်ခင်း ဧက ခုနှစ်သိန်းကျော်ရှိ
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရှမ်းပြည်နယ်အတွင်း အစေ့ပြောင်းစိုက်ခင်း ဧကပေါင်း ၇၁၆,၁၄၀ ဧကကျော် ရှိသည်ဟု  ရှမ်းပြည်နယ်ဘဏ္ဍာရေး နှင့် စီမံကိန်း ဝန်ကြီး ဦးစိုးညွန့်လွင်က စက်တင်ဘာလ ၃ ရက်မှာ ကျင်းပတဲ့ ဒုတိယအကြိမ် ရှမ်းပြည်လွှတ်တော် (၂၀) ကြိမ်မြောက် ဒုတိယနေ့မှာ လွှတ်တော် အစည်းအဝေးအတွင်း ပြောကြားခဲ့ပါတယ်။
ရှမ်းပြည်နယ် လွိုင်လင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ် က “၂၀၂၀ ပြည့်နှစ် စိုက်ပျိုးရာသီတွင် ရိတ်သိမ်းထွက်ရှိမည့် အစေ့ပြောင်းဈေးကောင်းရရှိရေး နှင့် တည်ငြိမ်ခိုင်မာသော ဈေးကွက်ပေါ်ထွန်းရေးအတွက် မည်သို့စီမံဆောင်ရွက်ထားသည်” ဟု ကြယ်ပွင့်ပြမေးခွန်း မေးမြန်းရာမှာ ဝန်ကြီးက အခုလိုဖြေကြားခဲ့တာပါ။
ပြောင်းပြဿနာ ဖြေရှင်းဖို့အတွက် ၂၀၂၀ ပြည့်နှစ်တွင် အစိုးရ နဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်းပြီး ပအိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာ ဧက တစ်သောင်းကို Contract Framing Pilot Project အနေနဲ့ ဆောင်ရွက်နေတယ်လို့ ရှမ်းပြည်နယ်ဘဏ္ဍာရေး နှင့် စီမံကိန်း ဝန်ကြီး ဦးစိုးညွန့်လွင်က ဆက်လက်ဖြေကြားခဲ့ပါတယ်။
ရှမ်းပြည်နယ်အတွင်းမှာ မြောက်ပိုင်း နဲ့ တောင်ပိုင်းက ပြောင်းအများဆုံး စိုက်ပျိုးပြီး တရုတ်နိုင်ငံဆီ အဓိက တင်ပို့ရောင်းချနေပါတယ်။ ပြီးခဲ့တဲ့နှစ်တွင် မြန်မာနိုင်ငံမှ ထွက်တဲ့ပြောင်းကို တရုတ်နိုင်ငံဘက်က မဝယ်ယူတဲ့အတွက် ပြောင်းပွဲစားတွေက ထိုင်း−မြန်မာ နယ်စပ်ဖြစ်တဲ့ မြဝတီမြို့သို့ သယ်ယူရောင်းချခဲ့ရပါသေးတယ်။