In the news



News and Announcements

Sep 10
2019

News

ကမ္ဘာ့ပြောင်း   ထုတ်လုပ်မှုနဲ့ မြန်မာ့ပြောင်းအခြေအနေ

  Sep 10 2019

ပြောင်းကို အစားအစာအဖြစ် တိုက်ရိုက်စားသုံးကြသလို  မုန့်နှင့် အခြားအစားအစာများအဖြစ်ပြုပြင်အသုံးပြုကြပါတယ်။ စက်မှုကုန်ကြမ်းအဖြစ် အသုံးပြုကြခြင်း၊သဘာဝ ဇီဝလောင်စာဆီအဖြစ် ထုတ်လုပ်သုံးစွဲနိုင်ခြင်း၊ ဟင်းချက်ဆီအဖြစ်လည်း ထုတ်လုပ်နိုင်ခြင်းနှင့် တိရစ္ဆာန် အစား အစာအဖြစ်လည်း သုံးစွဲခြင်းများကြောင့် ပြောင်းသည် အသုံးအများဆုံးသီးနှံများတွင်တစ်ခု ဖြစ်ပါသည်။ 
2018-2019 ခုနှစ်အတွင်း ပြောင်းအများဆုံး ထုတ်လုပ်သောနိုင်ငံများမှာ 
-  အမေရိကန်ပြည်ထောင်စု     ၃၄၇.ဝ၀၆ တန်ချိန် သန်းပေါင်း၊
-    တရုတ်    ၂၅၄.ဝဝဝ တန်ချိန် သန်းပေါင်း၊
-    ဘရာဇီး    ၁၀၁.ဝဝဝ တန်ချိန် သန်းပေါင်း၊
-    ဥရောပ ယူနီယံ    ၆၄.၅၆၀ တန်ချိန် သန်းပေါင်း၊
-    အာဂျင်တီးနား     ၅၀.ဝဝဝ တန်ချိန် သန်းပေါင်း၊
-    ယူကရိန်း    ၃၅.၅၀ဝ တန်ချိန် သန်းပေါင်း၊ 
-    အိန္ဒိယ    ၂၉.ဝဝဝ တန်ချိန် သန်းပေါင်း၊
-    မက္ကဆီကို    ၂၅.ဝဝဝ တန်ချိန် သန်းပေါင်း၊
-    ကနေဒါ    ၁၄.ဝဝဝ တန်ချိန် သန်းပေါင်း၊
-    ရုရှား    ၁၄.ဝဝဝ တန်ချိန် သန်းပေါင်း၊
-    တောင်အာဖရိက    ၁၄.ဝဝဝ တန်ချိန် သန်းပေါင်း၊
-    အင်ဒိုနီးရှား    ၁၂.၇၀ဝ တန်ချိန် သန်းပေါင်း၊
-    နိုင်ဂျီးရီးယား    ၁၁.ဝဝဝ တန်ချိန် သန်းပေါင်း၊
-    အီသီယိုးပီးယား    ၈.၄၀ဝ တန်ချိန် သန်းပေါင်း၊
-    ဖိလစ်ပိုင်    ၈.၁၀ဝ တန်ချိန် သန်းပေါင်း၊ တို့ဖြစ်ကြပါတယ်။
ပြောင်းများကို ဆားဘီးယား၊ အီဂျစ်၊ တန်ဇန်းနီးယား၊ ပါကစ္စတန်၊ တူရကီ၊ ထိုင်း၊ ဗီယက်နမ်၊ ပါရာဂွေး၊ ဘင်္ဂလားဒေ့ရှ်၊ ကင်ညာ၊ မာလာဝီ၊ မာလီ၊ ယူဂန်ဒါ၊ နီပေါ၊ မြောက်ကိုရီးယား၊ မြန်မာ၊ ကင်မရွန်း၊ မိုဇမ်ဘစ်၊ ဇမ်ဘီယာ၊ ကွန်ဂို၊ ဂါနာ၊ ပီရူး၊ မော်လ်ဒိုဗာ၊ ဂွာတီမာလာ၊ လာအို၊ ကိုလံဘီယာ၊ ဘာကီနာဖာဆို၊ အင်ဂိုလာ၊ ဘီနင်၊ အီရန်၊ အီကွေဒို၊ ကမ္ဘောဒီးယား၊ ကော်စတာရီကာ၊ ဘော့စ်နီးယား၊ တွန်ဂို၊ ချီလီ တို့အပါအဝင် နိုင်ငံပေါင်း ၁၁၄ နိုင်ငံတို့တွင် အများအပြား စိုက်ပျိုးကြပါသည်။ 

ယခုနှစ်များအတွင်း မြန်မာနိုင်ငံမှ တန်ချိန် သန်းပေါင်း၂ ဒသမ ၂၅၀ ခန့် ထွက်ရှိပါသည်။ တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှသာ တင်ပို့မှု များပြားလာပြီး အခြားနိုင်ငံများသို့ တင်ပို့ ခွင့်ရရှိရေးကို ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။
ထိုင်းနိုင်ငံဘက်မှ ဝယ်ယူမှုတိုးတက်လာပြီး နယ်စပ်မှတဆင့်ဝယ်ယူမှု များပြားလာတာတွေ့ရပါတယ်။ ထိုင်းနိုင်ငံတွင် တင်သွင်းခွင့်ကန့်သတ် သည့် သီးနှံထဲတွင် ပြောင်းဖူးပါဝင်သဖြင့် တစ်နှစ်မှာ ရှစ်လသာတင်ပို့နိုင်ပါသည်။
ထိုင်းနိုင်ငံတွင် မွေးမြူရေးလုပ်ငန်းများတိုးတက်လာပြီး ပြောင်းဖူး လိုအပ်ချက်မှာလည်း မြင့်မားလျက်ရှိပြီး သယ်ယူစရိတ်သက်သာသည့် မြန်မာပြောင်းကို နယ်စပ်မှ တင်သွင်းခြင်းပြုလုပ်လာပြီး ကာလ ကန့်သတ်ချက်ကို ကျော်လွှားနိုင်ရန်နှစ်ဖက်ပူးပေါင်းကြိုးပမ်းလျက်ရှိပါသည်။ အကယ်၍ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့နှင့် ပြောင်း ရောင်းဝယ်မှုအဆင်ပြေချောမွေ့ပါက မြန်မာ့ပြောင်း အခြေအနေကောင်းမွန်လာရန် မျှော်လင့်နိုင်ပါတယ်။