In the news



News and Announcements

Sep 15
2023

News

တရုတ်နိုင်ငံသို့ တန်ချိန် ၄သောင်းမှ ၆သောင်းကြားတင်ပို့ရသော်လည်း Normal Trade အနေနဲ့ တင်ပို့ရန် ကြိုးစားဆဲ

  Sep 15 2023

တရုတ်နိုင်ငံသို့ တန်ချိန် ၄သောင်းမှ ၆သောင်းကြားတင်ပို့ရသော်လည်း Normal Trade အနေနဲ့ တင်ပို့ရန် ကြိုးစားဆဲဖြစ်ပါတယ်။
Border Trade အနေနဲ့ တရုတ်နိုင်ငံမှ ပြောင်းတန်ချိန် ၄သောင်းမှ ၆သောင်းကြား ဝယ်ယူသော်လည်း ဒါဟာသူနဲ့ နယ်မြေထိစပ်တဲ့ ရှမ်းတောင်၊ ရှမ်းမြောက်၊ ရှမ်းအရှေ့တွေလောက်ကဘဲ ဝယ်ယူတာဖြစ်ပါတယ်။ ဒါကြောင့် Normal Trade အနေနဲ့ တင်ပို့ဖို့ဆောင်ရွက်နေပါတယ်။ 
GACC စနစ်အရ တင်ပို့ဖို့ ဆောင်ရွက်နေပြီး 2022ခုနှစ်မှာ GACC တင်ပို့ခွင့်ရ ကုမ္ပဏီ တစ်ရာကျော်ရှိတယ်လို့ သိရပါတယ်။ 
ပြောင်းဈေးကွက်တည်မြဲစေဖို့  တောင်သူ၊ ကုန်သည်၊ တင်ပို့ရောင်းချသူတွေဟာ စနစ်တကျနဲ့ သတ်မှတ်စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ကာ အရည်အသွေးမီပြောင်းများအဖြစ် တင်ပို့နိုင်ဖို့ လိုအပ်ပါတယ်။