In the news



News and Announcements

Mar 21
2023

News

မြန်မာ့ပြောင်းဈေးကွက် တောင်သူတွေမျှော်မှန်းထား သလိုဖြစ်လာနိုင်မလား?

  Mar 21 2023

မြန်မာ့ပြောင်းသည် အာဆီယံနိုင်ငံများကိုရောင်းချ၊တင်ပို့နိုင်မှု များပြားလာတာနဲ့အမျှ ဈေးကွက်အလားအလာတွေရှိမယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ သို့သော် ကိုဗစ်အပါအဝင် အခက်အခဲများဆက်တိုက်ရင်ဆိုင်ခဲ့ရတဲ့အတွက် တောင်သူတွေအနေနဲ့ ထင်သလောက် အကျိုးအမြတ်ကောင်းတွေ မရရှိခဲ့ဘူးလို့ဆိုရပါမယ်။
တောင်သူတွေအနေနဲ့ ပြန်ရောင်းချတဲ့အခါမှာလည်း အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရပြီး ရတဲ့ဈေးနဲ့ပြန်ရောင်းရတာတွေလည်း ကြုံတွေ့ရတယ်လို့ဆိုပါတယ်။
ကိုဗစ်ရောဂါစတင်ချိန်မှ စပြီး စိန်ခေါ်မှုအမျိုးမျိုးနဲ့ရင်ဆိုင်ခဲ့ရပြီး နယ်စပ်ကုန်စည်စီးဆင်းမှုတွေ ရပ်နားထားခြင်းကြောင့်လည်း ဈေးကောင်းရရှိနိုင်ဖို့ မလွယ်ကူခဲ့တာလည်းဖြစ်ပါတယ်။
ဒါကြောင့် 2022 မှာ အာဆီယံဈေးကွက်ကို ထိုးဖောက်နိုင်ခဲ့ပေမယ့် ပြောင်းစိုက်တောင်သူတွေအနေနဲ့ မျှော်မှန်းထားသလို အကျိုးအမြတ်မရရှိဘူးလို့ဆိုရမှာဖြစ်ပါတယ်။