In the news



News and Announcements

Jun 20
2022

News

မြန်မာ့ပြောင်း ပြည်ပတင်ပို့မှု အခက်အခဲများစွာဖြင့် ရင်ဆိုင်နေရ

  Jun 20 2022


ပို့ကုန်လိုင်စင်မရရှိတဲ့ အခက်အခဲကြောင့်  ပြည်ပတင်ပို့မှု ကို များစွာထိခိုက်လျှက်ရှိပါတယ်။ Export ကတင်ပို့ရန်ခက်ခဲတဲ့အတွက် အရောင်းအဝယ်လည်း အတော်အေးသလောက်ဖြစ်နေခဲ့ပါတယ်။
ပြည်တွင်းဒေါ်လာငွေလဲနှုန်း၊ ကုန်စည်သင်္ဘောတင်ရရှိနိုင်ရန် စတဲ့ အခက်အခဲတွေကလည်း ပြောင်းတင်ပို့မှုအပေါ် အကျိုးသက်ရောက်မှုရှိတယ်လို့ ဆိုရပါမယ်။
ပြည်တွင်း စက်ရုံတွေကလည်း ရပ်နားထားတဲ့အခြေအနေကြောင့် ပြည်တွင်းပြောင်းအခြေအနေ အတော်လေး အေးနေတဲ့သဘောဖြစ်နေခဲ့ပါတယ်။
ပြောင်းဈေးကွက်အလားအလာက ကုန်သွယ်ရေးမူဝါဒ၊ ငွေကြေးမူဝါဒနဲ့ စီးပွားရေးဆိုင်ရာ မူဝါဒတွေအပေါ်မူတည်နေတဲ့အတွက် ခန့်မှန်းရခက်တယ်လို့ သုံးသပ်မိပါတယ်။