In the news



News and Announcements

Aug 20
2023

News

တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့ရန်လုပ်ဆောင်

  Aug 20 2023

မြန်မာ့ပြောင်းဆန်များကို တရုတ်နိုင်ငံအတွင်းသို့ တွင်တွင်ကျယ်ကျယ်တင်ပို့နိုင်ရန် ကြိုးစားလုပ်ဆောင်နေပါတယ်။ တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့မှုသည် နယ်စပ်ဒေသတွင် စိုက်ပျိုးသည့် ပြောင်းအနည်းငယ်သာရှိပြီး တခြားဒေသများမှ ပြောင်းတင်ပို့မှု မရှိသလောက်နည်းပါးတယ်လို့ ဆိုရပါမည်။
မြန်မာ့ပြောင်းအား ထိုင်းနိုင်ငံသို့ တင်ပို့မှုအပြီးတွင် တရုတ်နိုင်ငံသို့ ဆက်လက်တင်ပို့နိုင်ရန် ကြိုးစားလျှက်ရှိတယ်လို့ဆိုပါတယ်။တရုတ်နိုင်ငံသို့ ရေကြောင်း၊ ကုန်းကြောင်း စသည်တို့မှ တင်ပို့နိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးနေသည်ဟု သိရပါတယ်။