In the news



News and Announcements

Sep 25
2023

News

တရုတ်ဘက်မှ အဝယ်နည်းပါးခြင်းကလည်း ပြောင်းဈေးကျဆင်းမှုရဲ့ အဖြေတစ်ခုဖြစ်နေ

  Sep 25 2023

 

တရုတ်ဘက်အဝယ်နည်းပါးတဲ့အပြင် ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မှုရပ်နားထားတဲ့အတွက် မြန်မာ့ပြောင်းဈေး ဆက်တိုက်ကျဆင်းလာတယ်လို့ ပြောရပါမယ်။

ပြည်ပဈေးကွက်အေးနေချိန်မှာ ရောင်းရန် ပြောင်းဆန်အသစ်တွေဝင်ရောက်လာခြင်းကလည်း ဈေးကျဆင်းမှု ဆက်တိုက်ဖြစ်ပေါ်ရခြင်းရဲ့ အကြောင်းအရင်းလို့ ဆိုနိုင်ပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာ့ပြောင်းကို ဈေးကောင်းပေးဝယ်တဲ့ နိုင်ငံဖြစ်တဲ့အပြင် တင်ပို့မှု ၆၀ရာခိုင်နှုန်းက ထိုင်းနိုင်ငံကို တင်ပို့တာဖြစ်တဲ့အတွက်  ထိုင်းကို တင်ပို့နိုင်မယ်ဆိုရင်တော့ ပြောင်းဈေးတက်လာနိုင်တဲ့ အနေအထားမှာရှိပါတယ်။