In the news



News and Announcements

Jul 15
2023

News

မြန်မာ့ပြောင်းဈေးကျဆင်းလာခြင်းဟာ ထိုင်းနိုင်ငံအတွင်း ပြောင်းဈေးကျဆင်းလာခြင်းရဲ့ အကျိုးသက်ရောက်မှုကြောင့်ဟုဆိုရ

  Jul 15 2023

မြန်မာ့ပြောင်းဈေးကျဆင်းလာခြင်းဟာ ထိုင်းနိုင်ငံအတွင်း ပြောင်းဈေးကျဆင်းလာခြင်းရဲ့ အကျိုးသက်ရောက်မှုကြောင့်ဟုဆိုရပါမည်။

ထိုင်းနိုင်ငံမှာ ပြောင်းဈေးကျဆင်းလာတဲ့အကျိုးသက်ရောက်မှုကြောင့် မြန်မာ့ပြောင်းဈေးလည်း ဆက်တိုက်ကျဆင်းလာတယ်လို့ပြောရမှာပါ။ ဖေဖော်ဝါရီလကနေ ဆက်တိုက်ကျဆင်းလာတာလို့ ပြောရပါမယ်။
ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံဟာ နှစ်နိုင်ငံ သဘောတူညီချက်အရ ဖေဖော်ဝါရီလမှ သြဂုတ်လကုန်ထိ အခွန်လွတ်တင်ပို့ခွင့်ရရှိထားပါတယ်။
သို့သော်လည်း အခွန်လွတ်တင်ပို့ခွင့်ကာလအတွင်းမှာဘဲ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံပြောင်းဈေးဟာ အကျဘက်ကို ဦးတည်လာခဲ့ပါတယ်။
ပြောင်းဈေးကောင်းတဲ့အချိန်ကို ကျော်လွန်သွားတယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။
ပြောင်းစပေါ်စက ဈေးကောင်းရရှိခဲ့ပေမယ့်  ငွေကြေးမူဝါဒ၊ ပို့ကုန်၊ ထုတ်ကုန်မူဝါဒ အပြောင်းအလဲတွေနဲ့ သယ်ယူပို့ဆောင်ရေးအခက်အခဲတွေကြောင့် ပြောင်းဈေးကွက်ကျဆင်းနေခဲ့တာပါ။
ငွေလဲဈေးနှုန်းနဲ့ ထိုင်းဝယ်ဈေးကြောင့် ဇွန်လလယ်လောက်က ဈေးကောင်းရရှိခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ ဈေးနှုန်းကျဆင်းလာတာကို တွေ့ရမှာပါ။