In the Government Related



Government Related

Aug 19
2024

Government Related

ပို့ကုန်သွင်းကုန်နှင့်ပတ်သတ်သည့် သတင်းလွှာ (၉/၂၀၂၄) နှင့် (၁၀/၂၀၂၄) ထုတ်ပြန်ထားမှုအား အသိပေးအကြောင်းကြားခြင်းကိစ္စ

  Aug 19 2024

အသိပေးကြေညာချက်  (၁၀/၂၀၂၄) တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ပို့ကုန်တင်ပို့သူများ၏ ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ပေးသွင်းရေးအတွက် ဖြေလျော့ပေးသည့်အနေဖြင့် (၃.၄.၂၀၂၂) ရက်နေ့မှ (၇.၈.၂၀၂၄) ရက်နေ့အထိ တင်ပို့ခဲ့သည့် ED များအတွက် (၈.၈.၂၀၂၄) ရက်နေ့မှ (၃၀.၁၁.၂၀၂၄) ရက်နေ့အတွင်း ပြန်လည်ဝင်ရောက်ပေးသွင်းသည့် ပို့ကုန်လုပ်ငန်းရှင် Exporter များအား ၂၅% ၇၅% အချိုးဖြင့် ခံစားခွင့်ပြုထားကြောင်းနှင့် Export Earning ပြန်လည်ဝင်ရောက်ပေးသွင်းခြင်းမရှိပါက ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခြင်းလည်းကောင်း၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ ကုမ္ပဏီဆိုင်ရာ စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် အရေးယူခြင်းကိုလည်းကောင်း၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေအရ အရေးယူခြင်းကို လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။