စက်သုံးဆီ တင်သွင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသည့် DENKO Trading Co., Ltd. နှင့် မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း (MCIA) တို့ MOA သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင
စက်သုံးဆီ တင်သွင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသည့် DENKO Trading Co., Ltd. နှင့် မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း (MCIA) တို့အကြား ပြောင်းစိုက်ပျိုးရာတွင် လိုအပ်သော လယ်ယာသုံး စက်ကိရိယာများအတွက် စက်သုံးဆီများကို ပံ့ပိုးဖြည့်တင်းပေးနိုင်ရေး ရည်ရွယ်ချက်ဖြင့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ၊ (၂၅) ရက်နေ့တွင် MOA သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည့်အတွက် များစွာဝမ်းမြောက်ဂုဏ်ယူမိပါသည်။
ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းသည် မြန်မာနိုင်ငံ၏ ပြောင်းလုပ်ငန်းကဏ္ဍအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်ပြီး ပြောင်းစိုက်ပျိုးသူများအတွက် လိုအပ်သည့် စက်သုံးဆီပံ့ပိုးမှုများကို ပိုမိုလွယ်ကူချောမွေ့စွာ ရရှိအသုံးပြုနိုင်စေရန် အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်ပါသည်။
ရှေ့ဆက်၍လည်း နှစ်ဖက်အဖွဲ့အစည်းများအကြား ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တည်ဆောက်သွားပြီး မြန်မာနိုင်ငံ၏ ပြောင်းလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အတူတကွ ပံ့ပိုးဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါသည်။
ယခုကဲ့သို့ အဓိပ္ပါယ်ရှိသည့် ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်ပေးခဲ့ကြသော DENKO Trading Co., Ltd. နှင့် မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း(MCIA)မှ တာဝန်ရှိသူများအပြင် သက်ဆိုင်ရာ ကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် ဧည့်သည်တော်များအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။