Association Related
Traceability Systems နှင့်ပတ်သက်ပြီး အသင်းဝင်ကုမ္ပဏီများ သိရှိစေရန်အကြောင်းကြားခြင်း
Feb 6 2026
Traceability Systems နှင့်ပတ်သက်ပြီး အသင်းဝင်ကုမ္ပဏီများ သိရှိစေရန်အကြောင်းကြားခြင်း
အထက်ပါအကြောင်းအရာပါကိစ္စနှင့်ပတ်သတ်ပြီး သက်ဆိုင်ရာကုမ္ပဏီများအနေဖြင့် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ စတင်၍ ထိုင်းနိုင်ငံမှ ပြောင်းဆံများတင်သွင်းရာတွင် တင်သွင်းမှုဆိုင်ရာစည်းမျဉ်းစည်းကမ်းများ စတင်ချမှတ် ကျင့်သုံးမည် ဖြစ်ပါသောကြောင့်မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တင်ပို့မည့်ပြောင်းဆံများအားလုံးသည် Area Traceability System (No Burning and Deforestation) ဖြင့် စစ်ဆေးထားသည့် ပြောင်းဆံများတင်ပို့နိုင်ရန်အတွက် မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ ပူးတွဲပါထောက်ခံချက်များအတိုင်း ထုတ်ပေးလျက်ရှိပြီးသား ကုမ္ပဏီများ (မြေပုံဆွဲထားပြီးသော ကုမ္ပဏီများ)အတွက် အဆင်ပြေသော်လည်း နောက်ထပ် ထပ်မံတင်ပို့မည့် ကုမ္ပဏီများ (မြေပုံပြန်လည်ရေးဆွဲရန်လိုအပ်သော ကုမ္ပဏီများ နှင့် အသစ်ထပ်တိုး ကုမ္ပဏီများ) အနေဖြင့် လိုအပ်သော လုပ်ဆောင်ချက်များကို ဆောင်ရွက်နိုင်ရန် အတွက် (၁၈.၂.၂၀၂၆) နောက်ဆုံးထားပြီးရုံးအဖွဲ့သို့ ဆက်သွယ်ပြီး အချက်အလက်များပေးပို့ပါရန် အကြောင်းကြားအပ်ပါသည်။
သိလိုသည်များရှိပါက ရုံးဖုန်းနံပါတ် ၀၉၄၀၄၀၈၀၉၅၁ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။