In the Association Related



Association Related

Aug 7
2020
 
 

Association Related

မြန်မာနိုင်ငံသို့ပြည်ပမှပြောင်းဆံတင်သွင်းခွင့်ပြုရန်တင်ပြခြင်းနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းရဲ့သဘောထားမှတ်ချက်တောင်းခံလာမှူအပေါ် မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှလက်မခံနိုင်ကြောင်းသဘောထားကိုသက်ဆိုင်ရာဌာနသို့ပြန်လည်ပေးပို့ပြီး

  Aug 7 2020

မြန်မာနိုင်ငံသို့ပြည်ပမှပြောင်းဆံတင်သွင်းခွင့်ပြုရန်တင်ပြခြင်းနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းရဲ့သဘောထားမှတ်ချက်တောင်းခံလာမှူအပေါ် မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှလက်မခံနိုင်ကြောင်းသဘောထားကိုသက်ဆိုင်ရာဌာနသို့ပြန်လည်ပေးပို့ပြီးဖြစ်ပါသည်။
၂၃.၉.၂၀၂၀နေ့နှင့်၂၄.၉.၂၀၂၀နေ့သက်ဆိုင်ရာဌာနများ အစာစပ်လုပ်ငန်းများ နှင့်မြန်မာနိုင်ငံပြောင်းအသင်းတို့၏Zoom app ဖြင့်ပြုလုပ်သောအစည်းအဝေးတွင်လည်းတင်သွင်းခွင့်မပြုသင့်ကြောင်း တောင်သူများအခက်အခဲများကြုံတွေ့လာနိုင်ကြောင်း ပြောင်းဈေးကွက်ပျက်သွားနိုင်ကြောင်း ပြောင်းထုတ်လုပ်မှူဖြစ်စဉ်များယုတ်‌ေလျာ့ပျက်စီးနိုင်ကြောင်းစသည်ဖြင့်တရားဝင်ကန့်ကွက်ခဲ့ပါသည်။
မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းအနေနဲ့ ပြောင်းစိုက်ပျိုးထုတ်လုပ် ရောင်းဝယ်တင်ပို့သောလုပ်ငန်းစဉ်များတွင်ပါဝင်ကြသောပြောင်းတောင်သူများ ကုန်သည်ပွဲစားများ တင်ပို့ရောင်းချသူများအကျိုးအတွက်အတတ်နိုင်ဆုံးဆောင်ရွက်နေသောအသင်းဖြစ်ပါသည်။
ပြောင်းထုတ်လုပ်မှူလုပ်ငန်းစဉ်များဖွံ့ဖြိုးတိုးတက်ရေးအတွက်အပြုသဘောဆောင်သော အကြံပြုချက်များကိုဝမ်းမြောက်ဝမ်းသာကြိုဆိုပါသည်။
ပြောင်းလောကသားများအနေနဲ့လည်းမြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ပါရန်ဖိတ်ခေါ်ပါသည်။